← မြန်မာ ဓမ္မသီချင်း

ပွဲတော်ကျူး

Lord at thy table we behold

No. MH-339 T. Talls (1520-1585)

၁။ အိုရှင်ယေရှု၊ ဤပွဲတော်လျှင်၊ မြတ်ကျေးဇူးအံ့ဖွယ်ရာ၊
ကျွန်ုပ်တို့်သည် ဝင်စားရခြင်း၊ သာ၍ အံ့ဩဖွယ်ပါ။

၂။ ပုန်ကန်သောသူ၊ အပြစ်မံမွန်း၊ ကိုယ်တော်ရှင်မြတ်ကိုလည်း၊
တိုင်ပေါ် ဆွဲသတ်၊ သွေးတော် ထုတ်သွန်း၊ ကျွန်ုပ်တို့များပေတည်း။

၃။ ထိုမျှဆုံးရှုံးထိုက်သူပင်လျှင်၊ ဝင်စားဆက်ဆံရသော်၊
ကိုယ်တော်ရွေးခေါ်သွင်းတော်မူခြင်း၊ ချီးမွမ်းမှီနိုင်အံ့လော။

၄။ ကောင်းကင်မြေကြီးပေါ်တွင် ရှိသော၊ သန့်ရှင်းသော လူလုံးစုံ၊
ရွေးနုတ်ကယ်တင်ခြင်း မေတ္တာတော် တုပြိုင်သီချင်းဆိုကုန်။ အာမင်။